သီလမရှိပဲ ကျောင်းကို သုံးဆောင်ခြင်းသည် ...

ရဟန်းတို့ ...
ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊


ခွန်အားရှိသော ယောက်ျားသည် ခြေကား မိုးမျှော် ဦးခေါင်း စောက်ထိုး ဆွဲကိုင်၍ တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော လောလောပူ သော ကြေးအိုး၌ ထည့်ရာ၏၊ ထိုအထည့်ခံရသော သူသည် ထိုကြေးအိုး၌ အမြှုပ်ကို ဖြစ်စေ၍ ကျက်ပြီးလျှင် တစ်ကြိမ်လည်း အထက်သို့ တက်ရာ၏၊ တစ်ကြိမ်လည်း အောက်သို့ ဆင်းရာ၏၊ တစ်ကြိမ်လည်း ဘေးသို့ရောက်ရာ၏။

မင်းမျိုး၌ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏား မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ် မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း ယုံကြည် မှုဖြင့် ပေးလှူအပ်သော ကျောင်းကို သုံးဆောင်ရာ၏၊

ထိုနှစ်မျိုးတို့တွင် အဘယ်အရာ သည် မြတ်သနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ကျောင်းကို သုံးဆောင်ခြင်းသည် သာလျှင် မြတ်ပါ၏။

ခွန်အားရှိသော ယောက်ျားသည် ခြေကား မိုးမျှော် ဦးခေါင်းစောက်ထိုး ဆွဲကိုင်၍ တပြောင်ပြောင် တောက် လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော လောလောပူသော ကြေးအိုး၌ ထည့်ရာ၏၊ ထိုအထည့်ခံရသော သူ သည် ထိုကြေးအိုး၌ အမြှုပ်ကို ဖြစ်စေ၍ ကျက်ပြီးလျှင် တစ်ကြိမ်လည်း အထက်သို့ တက်ရာ၏၊ တစ်ကြိမ်လည်း အောက်သို့ ဆင်းရာ၏၊ တစ်ကြိမ်လည်း ဘေးသို့ ရောက်ရာ၏၊ ဤသို့ ဖြစ်ရခြင်းသည် ဆင်းရဲပါ၏ဟု လျှောက်ကြကုန်၏။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့...
မကောင်းသော သဘောရှိသော။ ပ*။ ယောက်သွားပုပ်နှင့် တူသော သဘောရှိသော ထိုဒုဿီလပုဂ္ဂိုလ်အား ခွန်အားရှိသော ယောက်ျားသည် ခြေကား မိုးမျှော် ဦးခေါင်း စောက်ထိုး ဆွဲကိုင်၍။ပ။ တစ်ကြိမ်လည်း ဘေးသို့ ရောက်ရာ၏၊ ဤသို့ ဖြစ်ရခြင်းသည်သာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း...
ရဟန်းတို့ ထိုလောလောပူသော ကြေးအိုး၌ ထည့်ခြင်းတည်း ဟူသော အကြောင်း ကြောင့် ထိုပုဂ္ဂိုလ်သည် သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့မူလည်း ရောက်ရာ၏၊ ထိုကြေးအိုး၌ ထည့်ခြင်းတည်း ဟူသော အ ကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ကား မကျရောက်ရာ။

ရဟန်းတို့ မကောင်းသော သဘောရှိသော။ ပ*။ ယောက်သွားပုပ်နှင့်တူသော သဘောရှိသော ထိုပုဂ္ဂိုလ်အား မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ် ရှိကုန်သော သူတို့၏သော် လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ကျောင်းကို သုံးဆောင်ခြင်းသည် သာလျှင် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၇)

၈ - အဂ္ဂိက္ခန္ဓောပမသုတ်-မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။ 72

ပ* ယုတ်ညံ့သော သဘောရှိသော၊ မစင်မကြယ် စက်ဆုပ်ရွံရှာဖွယ် အကျင့်ရှိသော၊ ဖုံးလွှမ်း အပ်သော မကောင်းမှုရှိသော၊ ရဟန်းမဟုတ်ဘဲလျက် ငါရဟန်းဟုဝန်ခံသော၊ မြတ်သောအကျင့် ကို မကျင့်ဘဲလျက် မြတ်သောအကျင့်ကို ကျင့်သည်ဟု ဝန်ခံသော၊ အတွင်း၌ (ကိလေသာ တို့ဖြင့်) ပုပ်သော၊ (ကိလေသာတို့ဖြင့်) စိုစွတ်သော၊ ယောက်သွားပုပ်နှင့်တူသော သဘောရှိ သော ထိုဒုဿီလပုဂ္ဂိုလ်အား...




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
Print Friendly and PDFPrintPrint Friendly and PDFPDF

သောတာပန်ဖြစ်လိုပါလျှင်...


ဤ ၆-မျိုးကို ပယ်နိုင်လျှင်-

ရဟန်းတို့ ...
တရား ခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့်
ဉာဏ်အမြင်နှင့် ပြည့်စုံမှု သောတာပတ္တိမဂ်ကို မျက်မှောက်ပြုရန် ထိုက်တန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ...

၁... သက္ကာယဒိဋ္ဌိ၊
၂... ဝိစိကိစ္ဆာ၊
၃... သီလဗ္ဗတပရာမာသ၊
၎... အပါယ်သို့ ရောက်ကြောင်း ရာဂ၊
၅... အပါယ်သို့ ရောက်ကြောင်း ဒေါသ၊
၆... အပါယ်သို့ ရောက်ကြောင်း မောဟတို့တည်း။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ဉာဏ်အမြင်နှင့် ပြည့်စုံမှု သောတာပတ္တိမဂ်ကို မျက်မှောက်ပြုရန် ထိုက်တန်၏ ဟု မိန့်တော်မူ၏။

အပ္ပဟာယသုတ်၊ သီတိဝဂ်၊ အင်္ဂုတ္တိုရ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး


ရဟန်းတို့ ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတော် တို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ် သော အကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခန့်လျက် ကြာမြင့်စွာ တည်တံ့ရာ ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေ ရာ၏။

ရဟန်းတို့ ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည် ရှိသော် ဤမြတ်သော အကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့် ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေရာ ၏ဟု ဆိုရာ၌ ထူးသောဉာဏ်ဖြင့်သိ၍ ငါဟောအပ်သော ထိုတရားတို့ကား အဘယ် နည်း။

ယင်းတရားတို့ကား ...

၁... သတိပဋ္ဌာန်လေးပါး
၂... သမ္မပ္ပဓာန်လေးပါး
၃... ဣဒ္ဓိပါဒ်လေးပါး
၎... ဣနြေ္ဒငါးပါး
၅... ဗိုလ်ငါးပါး
၆... ဗောဇ္ဈင်ခုနစ်ပါး
၇... အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တို့ပေတည်း...။

ရဟန်းတို့ ငါသည် သင်တို့အား ထူးသောဉာဏ်ဖြင့် သိ၍ ဟောအပ်သော ဤ တရားတော်တို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ် ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊

ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ်သောအကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့ ၏ အကျိုးစီးပွားနှင့် ချမ်းသာအလို့ငှါ ဖြစ်လေရာ၏ ဟု (မိန့်တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့အား မိန့်တော်မူပြန်သည်မှာ-

ရဟန်းတို့ သင်တို့အား ယခု ငါ မိန့်မှာဦးအံ့၊
ပြုပြင်ပေးရသော 'သင်္ခါရ' တရားတို့သည် ပျက်စီးခြင်း သဘော ရှိကုန်၏၊
မမေ့သော သတိတရားဖြင့်* ကိစ္စပြီးစီးအောင် အားထုတ်ကြကုန်လော့၊
မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီပင် ဖြစ်လိမ့်မည်၊
ဤနေ့မှ သုံးလလွန်သောအခါ၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုချေတော့မည်
ဟု ဤစကားကို မြတ်စွာဘုရား မိန့်တော်မူပြန်၏။

ဤစကားကို မိန့်တော်မူပြီးလျှင် ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တစ်ပါးသော ဤစကားကိုလည်း မိန့်တော်မူပြန်၏ -


ရဟန်းတို့ ငါ၏ အရွယ်သည် ရင့်ရော်လှလေပြီ...
ငါ၏ အသက်ကြွင်းသည် နည်းလှလေပြီ...
သင်တို့ကို စွန့်၍ သွားရတော့အံ့...
ငါသည် မိမိ၏ ကိုးကွယ်ရာကို ပြုပြီးပြီ...။

ရဟန်းတို့ ...
မမေ့မလျော့ဘဲ သတိရှိလျက် စင်ကြယ်သော သီလနှင့် ပြည့်စုံကြစေ ကုန်လော့၊
ကောင်းစွာ တည်ကြည်၍ ကောင်းစွာ ကြံစည်ခြင်းရှိလျက်
မိမိတို့၏ စိတ်ကို စောင့်ရှောက်ကြကုန်လော့။

ရဟန်းတို့ ဤတရားဝိနည်း 'သာသနာတော်' ၌ မမေ့မလျော့ နေသောသူသည် အဖန်ဖန် ဖြစ်လျက် ပြောင်းရွှေ့ ကျင်လည်ရာ 'ဘဝသံသရာ' ကို စွန့်ပယ်၍ ဒုက္ခ၏ အဆုံးကို ပြုနိုင်ပေ လတ္တံ့ဟု (မိန့်တော်မူပြန်၏)။158

သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး၊
မဟာပရိနိဗ္ဗာနသုတ်၊ မဟာဝဂ်ပါဠိတော်။

* အပ္ပမာဒေန သမ္ပာဒေထာတိ သတိအဝိပ္ပဝါသေန သဗ္ဗကိစ္စာနိ သမ္ပာဒေယျာထ-
ဟူသော အဋ္ဌကထာနှင့်အညီ သတိတရားဖြင့်ဟု ကရိုဏ်းအနက် ပြန်ဆိုထားသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF